Home » » ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်တွင် တတိယ အကြီးဆုံး ကုမ္ပဏီ အဖြစ် Huawei ရပ်တည်

ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်တွင် တတိယ အကြီးဆုံး ကုမ္ပဏီ အဖြစ် Huawei ရပ်တည်

Posted by Android Flash Firmware on Sunday, February 3, 2013

ပေကျင်း  ဖေဖော်ဝါရီ  ၂
ကမ္ဘာ တစ်ဝန်းရှိ စမတ်ဖုန်း ဈေးကွက်တွင်ံHuawei ကုမ္ပဏီထုတ် ဖုန်းများသည်  ၂ဝ၁၂ ခုနှစ် စတုတ္ထ လေးလ ပတ်၌ Nokia နှင့် HTC ကုမ္ပဏီတို့ကို ကျော်တက်၍ ကမ္ဘာ့ တတိယ ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ဖြစ်လာ ခဲ့သည်ဟု အင်တာနက် သတင်း တစ်ပုဒ်အရ သိရသည်။
ရှန်ကျန် အခြေစိုက် Huawei ကုမ္ပဏီသည် ၂ဝ၁၂ ခုနှစ်၏ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ငါးခုတွင် တတိယမြောက် ကုမ္ပဏီ အဖြစ် ပထမဆုံး အကြိမ် ပါဝင်လာ ခဲ့သည်ဟု နိုင်ငံတကာ သတင်း အချက်အလက် ဆိုင်ရာ ကော်ပိုရေးရှင်း  (JDC)မှ ထုတ်ပြန်သော အစီရင် ခံစာ တစ်စောင်တွင် ဖော်ပြ ထားသည်။
၂ဝ၁၂  ခုနှစ် စတုတ္ထ လပတ်တွင် Huawei ကုမ္ပဏီသည် စမတ်ဖုန်း ပေါင်း ၁ဝ ဒသမ ၈ သန်းကို ရောင်းချ နိုင်ခဲ့ပြီး ကမ္ဘာ့ဖုန်း ဈေးကွက်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်း အထိ ရောင်းချနိုင် ခဲ့ကြောင်း၊ ၄င်း၏ ရှေ့တွင်  Samsung  ကုမ္ပဏီနှင့် Apple  ကုမ္ပဏီတို့က ရပ်တည်လျက် ရှိကြောင်း သိရသည်။
Samsung  ကုမ္ပဏီသည် ၂ဝ၁၂ ခုနှစ် ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်တွင် ၂၉ ရာခိုင်နှုန်း ရောင်းချ နိုင်ခဲ့ပြီး Apple ကုမ္ပဏီသည် ၂၁ ဒသမ ၈ ရာခိုင်နှုန်း ရောင်းချနိုင် ခဲ့သည်ဟု သိရသည်။
ref : မြ၀တီ


0 comments:

Post a Comment

Popular Posts

Blog Archive

.comment-content a {display: none;}