Home » » Windows 8 Start Screen တွင် ၀က်ဘ်ဆိုက်များကို ထည့်သွင်းခြင်း

Windows 8 Start Screen တွင် ၀က်ဘ်ဆိုက်များကို ထည့်သွင်းခြင်း

Posted by Android Flash Firmware on Saturday, January 5, 2013


Windows 8 အသုံးပြုတဲ့ ၀က်ဘ်ဆိုက်ရေးသားတဲ့သူတွေအတွက် သင်ရေးဆွဲနေတဲ့ ၀က်ဘ်ဆိုက်တွေကို အလွယ်တကူနဲ့ ကလစ်တစ်ချက် နှိပ်လိုက်ရုံနဲ့ အသုံးပြုနိုင်ဖို့အတွက် Windows 8 ရဲ့ Start Screen မှာ ထည့်သွင်းထားနိုင်ပါတယ်။ ဒီလိုတည်ဆောက်နိုင်ဖို့အတွက်
Microsoft ကနေ အထောက်အပံ့ပေးထားပါတယ်။



ယခုတစ်ပတ်မှာတော့ Windows 8 ရဲ့ Start Screen မှာ သင်ရေးဆွဲနေတဲ့ ၀က်ဘ်ဆိုက်တွေကို Pin တွဲဖို့အတွက် ဘယ်လိုပြုလုပ်ရတယ်ဆိုတာကို ရွေးချယ်တင်ပြလိုက်ပါတယ်။
Windows 8 Start Screen မှာ သင်လက်ရှိရေးသားနေတဲ့ ၀က်ဘ်ဆိုက်တစ်ခုခုကို ထည့်သွင်းဖို့အတွက် ပထမဦးဆုံး Microsoft ကနေ လွှင့်တင်ထားတဲ့
http://www/buildmypinnedsite.com/ ဆိုတဲ့ဝက်ဘ်ဆိုက်ကို အရင်ဆုံးသွားရပါမယ်။
အဲဒီကနေ သင်ထည့်သွင်းချင်တဲ့ ၀က်ဘ် ဆိုက်ရဲ့လိပ်စာကို Copy လုပ်ပြီး၍သော်လည်းကောင်း၊ ရိုက်ထည့်၍သော်လည်းကောင်း ထည့်သွင်းရပါမယ်။
Site URL ဆိုတဲ့ Box မှာ သင်ထည့်သွင်းချင်တဲ့ ၀က်ဆိုက်ရဲ့လိပ်စာကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ Site URL ဆိုတာကိုမတွေ့ရင် See Your Site in Windows 8 ဆိုတဲ့ Tab မှာ ကလစ်နှိပ်ပေးရပါမယ်။
ဒါမှမဟုတ် Show Me ဆိုတဲ့ Button မှာ ကလစ်နှိပ်ရပါမယ်။ Site URL မှာ သင် ထည့်သွင်းချင်တဲ့ ၀က်ဘ်ဆိုက်ရဲ့ URL ကိုထည့်သွင်းပြီးပြီဆိုရင်
နောက်တစ်ဆင့်ကတော့ Build your own pinned site ဆိုတဲ့ Tab ကို ကလစ်နှိပ်ရပါမယ်။ Title နေရာမှာ သင်ပေါ်စေချင်တဲ့ Site နာမည်ကို ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။
Background Color ဆိုတဲ့နေရာမှာတော့ Color Code ကိုရိုက်ထည့်ရပါမယ်။ Color Code ဆိုတဲ့ Box လေးကို ကလစ်နှိပ်လိုက်ပါ။
ဒါဆိုရင် သင်ကြိုက်နှစ်သက်တဲ့ အရောင်ကို နှိပ်လိုက်ရုံနဲ့ Color Code တွေထည့်သွင်းပြီး
Windows 8 Start Screen နဲ့ချိတ်ဆက်ဖို့အတွက် Code တွေကို Get the Code ဆိုတဲ့နေရာမှာ ရယူရမှာဖြစ်ပါတယ်။
ဒီနေရာမှာ Pin တွဲမယ့် သင့်ဝက်ဘ်ဆိုက်ရဲ့ Logo ဒါမှမဟုတ် တခြားပုံလေးတစ်ပုံပုံကို ထည့်သွင်းမယ်ဆိုရင် 144×144 အရွယ်ပမာဏရှိမယ့်
PNG ဖိုင်ကို Upload ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အားလုံးပြီးသွားပြီဆိုရင် PNG ဖိုင်ကိုရော ပထမရယူထားတဲ့
Code ကိုရောသင့် Web Hosting မှာထည့်သွင်းပေးလိုက်ရင် Windows 8 Start Screen မှာ သင်ရေးဆွဲနေတဲ့ ၀က်ဘ်ဆိုက်ကို Pin တွဲပြီး ဖြစ်ပါတယ်။
သာမန်အသုံးပြုသူတွေအတွက်တော့ သင်ကြိုက်နှစ်သက်တဲ့ ၀က်ဘ်ဆိုက်ကို Windows 8 Start Screen မှာ
Pin တွဲဖို့အတွက် Internet Explorer အမျိုးအစားကတော့ Windows 8 မှာပါဝင်တဲ့ IE 10 Version ပဲဖြစ်ပါတယ်။
IE 10 ရဲ့အောက်ခြေမှာ Pin ဆိုတဲ့ Button လေးပါဝင်ပြီး သင်နှစ်သက်တဲ့ဝက်ဘ်ဆိုက်ကို Pin Button နဲ့ချိတ်ဆက်ထားနိုင်မှာ ဖြစ်ပါတယ်။
ပြီးရင်တော့ သင် Pin တွဲမယ့် ၀က်ဆိုက်ရဲ့နာမည်ကို  ထည့်သွင်းပေးထားလိုက်ပြီဆိုရင် Windows 8 ရဲ့ Start Screen မှာ နှစ်သက်ရာဝက်ဘ်ဆိုက်တွေကို Pin တွဲပြီးပြီဖြစ်ပါတယ်။
by ဖြိုးချမ်း(Admin At MMSD)


0 comments:

Post a Comment

Popular Posts

Blog Archive

.comment-content a {display: none;}