Home » » Fast Reboot Pro

Fast Reboot Pro

Posted by Android Flash Firmware on Tuesday, April 2, 2013

ဒီ app ကတော့ ကျွန်တော့်အတွက် မရှိမဖြစ် အမြဲတမ်းအသုံးပြုရတဲ့ ..
app တစ်ခုပါ။ ဘာလို့လဲဆိုတော့ app တွေ တစ်ခုပြီးတစ်ခု ကလိလိုက်ရင် ..
ဖုန်းက လေးပြီး နှေးသွားပါတယ်။ အဲ့လိုအချိန်မျိုးမှာ Fast Reboot နဲ့ ..
စက်ကို ပြန်သွက်အောင် လုပ်ပေးရပါတယ်။ ဖုန်းကို restart ချလိုက်သလိုမျိုး
နောက်ခံမှာ run နေတဲ့ app တွေ .. system app တွေ အကုန်လုံးကို
task killer သဘောမျိုး ရပ်ဆိုင်းပစ်မှာဖြစ်ပါတယ်။ ပြီးမှ ပြန် run ခိုင်းမှာပါ။
ထို့ကြောင့် system memory မှာ အလုပ်လုပ်ရမှု နည်းပါးသွားသောကြောင့်
စက်ကို မြန်ဆန်သွားစေပါတယ်။ အသုံးပြုရတာ နှေးနေတဲ့အချိန် ..
app တစ်ခုခုဖွင့်ဖို့ ကြာနေတဲ့အချိန် စတဲ့ အဆင်မပြေဖြစ်နေတဲ့အချိန်မှာ ..
တစ်ချက်နှိပ်ရုံနဲ့ စက်ကို ပြန်လည် သွက်လက်သွားစေပါတယ်။
ထိထိရောက်ရောက် အသုံးဝင်တဲ့ system tool တစ်ခုပါ။ app ထွက်နေတာ
ကြာနေပေမယ့် မသိသေးတဲ့သူတွေအတွက် အသုံးပြုစေချင်လို့
တင်ပေးလိုက်ပါတယ်။ Android ဖုန်း သုံးတဲ့သူတိုင်း ထည့်ထားသင့်ပါတယ်။

download -

box -
https://www.box.com/s/299ykndl5v54tjsfj454

dropbox -
https://www.dropbox.com/s/xoy6120dw4bt05c/Mr.AD%20-Fast%20Reboot%20Pro%203.6_22.apk?m

အဆင်ပြေပါစေ

Mr.AD


0 comments:

Post a Comment

Popular Posts

Blog Archive

.comment-content a {display: none;}