Home » , , » Samsung ဖုန်းတွေ download mode ၀င်ရတာ အဆင်မပြေသူများ အဆင်ပြေစေရန်။

Samsung ဖုန်းတွေ download mode ၀င်ရတာ အဆင်မပြေသူများ အဆင်ပြေစေရန်။

Posted by Android Flash Firmware on Saturday, March 30, 2013

Samsung ဖုန်းတွေ download mode ၀င်ရတာ အဆင်မပြေသူများ အဆင်ပြေစေရန်။

အရင်ဦးဆုံးမိမိဆီမှာ
1 - Usb ကြိုး အဟောင်းလေး တခုရယ်
(ကြိုးဟောင်းပဲသုံးပါ ပြီးရင် ဖြတ်ပစ်ရမှာမို့လို့)

2 - 300k ရှိတဲ့ resistor

တလုံးရယ်ရှိရမယ်။

ပြီးရင် (၁) ပုံမှာ ပြထားတဲ့အတိုင်းချိတ်ဆက်လိုက်ပါ

အဆင်ပြေတဲ့ resistor လေးက လိမ္မော် အနက် အ၀ါ ရွှေ ပါ

5 နဲ့ 4 မှာချိတ်ဆက်ပြီးပြီး ဆိုရင် တော့ မိမိ ပြုလုပ်မည့် ဖုန်းကို
ဓာတ်ခဲ ဖြုတ်ထားပါ

ပြီးရင်တော့ resistor လေးချိတ်ဆက်ထားတဲ့ usb ခေါင်းကို ဖုန်းရဲ့ usb
ပေါက်မှာ ထိုးပါ

ပြီးရင် battery တပ်ပါ (ဓာတ်ခဲတပ်ပြီးထိုးလို့လည်းရပါတယ်
ဖြုတ်ပြီးထိုးတာ ပိုစိတ်ချရလို့ပါ တချို့အလုံးတွေကျအဆင်မပြေတာရှိတယ်)

ဖုန်းကိုဘာမှမလုပ်ပါနဲ့ စောင့်ကြည့်နေပါ

၅ စက္ကန့်မှ ၁၀ စက္ကန့်အတွင်း ဖုန်းမှာ download mode ထဲဝင်သွားပါလိမ့်မယ်

download mode ထဲရောက်သွားရင်တော့ ခုနက ထိုးထားတဲ့ usb ခေါင်းလေးကို
ဖြုတ်ပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်ကာ လိုသလိုအသုံးချပါတော့ဗျာ။။။ ။ ။ ။ ။ :P

ပုံ (၂) ကပုံလေးကတော့ ကျွန်တော်တို့ ရဲ့ မြန်မာမှု့ပြုထားတဲ့ home made လေးပါ
ပုံ(၃) ကတော့ တခါတည်းစမ်းပြထားတဲ့ပုံပေါ့

မှတ်ချက် = = resistor ကို နီးစပ်ရာ လျှပ်စစ်ပစ္စည်းဆိုင်တိုင်းတွင်ဝယ်ယူ ရရှိနိုင်သော်လည်း
အလွန်ဈေးများပါသဖြင့် အကြွေများဆောင်သွားပါရင် သတိပေးပါသည်။
resistor တခုကို ၁၀ ကျပ်ခန့်သာရှိသည်။ ။ ။ ။ :D


MMAS


0 comments:

Post a Comment

Popular Posts

Blog Archive

.comment-content a {display: none;}