Home » , » Custom ROM အကြောင်းတစ်စေ့တစ်စောင်း

Custom ROM အကြောင်းတစ်စေ့တစ်စောင်း

Posted by Android Flash Firmware on Thursday, March 14, 2013

Custom ROM အကြောင်းတစ်စေ့တစ်စောင်း

ROM ဆိုတာ အားလုံးသိပြီးသားဖြစ်တဲ့ Read Only Memoryဖြစ်ပေမဲ့
Android မှာတော့ Firmware နဲ့အလားတူ Android OS ROM အနေနဲ့ခေါ်ဆိုပါတယ်

Google မှ 4.1.1 Jelly Bean ဆိုပြီးထုတ်လိုက်ပေမဲ့ ph ထုတ်လုပ်သော Companyများမှ ကိုယ်ထုတ်လုပ်မဲ့ Ph Model အလိုက် Hardware နဲ့ကိုက်ညီအောင်
အများနဲ့မတူထူးခြားအောင် Features အစုံထည့်ပေးကြပါတယ်။
အဲဒါကို Stock(or)Official ROMလို့ခေါ်ပါတယ်

အဆိုပါ 4.1.1ကိုပဲ ပြင်ပ Developerများမှ Ph အမျိးအစားအလိုက် ROMများကိုကိုက်ညီမှုရှိစေရန် စိတ်ကြိုက်ရေးဆွဲ ကာဖြန့်ချိပေးတဲ့အမျိးအစားကို
Custom ROM လို့ခေါ်ပါတယ်

Official ROM နဲ့ Custom ROM ဘာကွာလဲဆိုတော့

Official ROMတွေ ဟာ စိတ်ချစွာသုံးစွဲနိုင်ပေမဲ့ Update ပေးချိန်ဟာလိုအပ်တာထက်ပိုကြာမြင့်တတ်ပါတယ်
User တွေကိုထိန်းချပ်ချင်ပြီးနောက်ထုတ်ကုန်များအတွက်သာဦးစားပေးသည့်အတွက်
Official ROM ကိုအချိန်ဆွဲကာ ဖြန့်ချိလေ့ရှိပါသည်

Custom ROM များကတော့ Version အမြင့်သုံးချင်သူများ Official Rom update မရတော့သည့်သူများအတွက်အသုံးဝင်ပါတယ်
Feature အသစ်များကိုဦးစွာအသုံးပြုနိုင်ပါတယ်
Built in app များမလိုအပ်ဘဲ ထည့်မထားသည့်အတွက် သွက်လက်စွာပိုမိုRun နိုင်ပါတယ်။မလိုအပ်သည် app များ (Chinese appများHuawei ) မပါသည့်အတွက်
ပိုမြန် စွမ်းရည်ကောင်ပြီး Battery အစားသက်သာပါတယ်

အားနည်းချက်ကတော့ Bug အနည်းအကျဉ်းဖြစ်ပေါ်နိုင်ပါတယ်
WiFi မရခြင်း Bluetooth မရခြင်းဖြစ်တတ်ပါတယ်
အခန့်မသင့်လျင် Stock ROM သေသွားနိုင်ပြီး မပြုလုပ်မီ Backup လုပ်ထားဖို့အလွန်အရေးကြီးပါတယ်
အဓီကကတော့ ကိုယ့် Android version,kernel version စတဲ့အချက်တွေနဲ့ကိုက်ညီမဲ့ custom ROM ကိုရွေးချယ်တတ်ဖို့အရေးကြီးပါတယ်

Custom ROM ရေးတဲ့ထဲမှာတော့
www.miuiandroid.com
www.cyanogenmod.org/
နာမည်ကြီးပါတယ်
နောက်ထပ်Custom Rom များအကြောင်းတင်ပေးပါအုံးမည

Lin Htet Win
Admin of Myanmar ITGroup


0 comments:

Post a Comment

Popular Posts

Blog Archive

.comment-content a {display: none;}