Home » , » ANDROID 4.2နှင့် အထက် OS များတွင် USB DEBUGGING MODE ကို Enable လုပ်ခြင်း

ANDROID 4.2နှင့် အထက် OS များတွင် USB DEBUGGING MODE ကို Enable လုပ်ခြင်း

Posted by Android Flash Firmware on Saturday, March 16, 2013

ANDROID 4.2နှင့် အထက် OS များတွင် USB DEBUGGING MODE ကို Enable လုပ်ခြင်း
Nexus 4 မှာ ပါဝင်လာတဲ့ Android 4.2 မှာ USB Debugging Mode ကို Google က ဖွက်ပြီး ဖျောက်ထားတာ တွေ့ရပါတယ်။
Developer တွေအတွက် အဲ့ဒီ option ရမှပဲ အဆင်ပြေမှာ ဖြစ်တဲ့အတွက် USB debugging mode ကို Android 4.2 နဲ့ အထက် OS အသုံးပြုသူတွေအနေနဲ့ အောက်ပါအတိုင်း လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။
၁။ “Settings” ထဲကိုသွားပါ။ Home Screen ကနေ Menu button ကို နှိပ်ပြီး “System settings” ကိုရောက်နိုင်ပါတယ်။
၂။ Setting စာမျက်နှာရဲ့ အောက်ဆုံးပိုင်းကို ဆင်သွားမယ်ဆိုရင် “About phone” သို့မဟုတ် “About tablet” ကိုရှာဖွေပါ။

၃။ “About” screen မှာ ရှိတဲ့ “Build number” ကို (၇)ကြိမ်တိုင်တိုင် နှိပ်ယူရမှာ ဖြစ်ပါတယ်။
၎။ အကြိမ်အရေအတွက် ပြည့်သွားတယ်ဆိုရင် “You are now a developer!” ဆိုတဲ့ messageပေါ်လာမှာ ဖြစ်ပါတယ်။
၅။ ယခု အဆင့်ပြီးသွားရင် Setting Page မှာ {} Developer Options ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
၆။ အဆင့်အားလုံး ပြီးသွားပြီဆိုရင်တော့ Developer Options အတွင်းမှာ USB Debugging Mode ကို အဖွင့်အပိတ် လုပ်ယူနိုင်ပြီ ဖြစ်ပါတယ်။

Credit to THA: TSJ ,သန်းထိုက်ဇော်


0 comments:

Post a Comment

Popular Posts

Blog Archive

.comment-content a {display: none;}