Home » , » လက်ချောင်းဖြင့် တစ်လောက လုံးကို ဖန်တီးမည့် နည်းပညာ SixthSense

လက်ချောင်းဖြင့် တစ်လောက လုံးကို ဖန်တီးမည့် နည်းပညာ SixthSense

Posted by Android Flash Firmware on Sunday, February 3, 2013

လက်ချောင်းဖြင့် တစ်လောက လုံးကို ဖန်တီးမည့် နည်းပညာ SixthSense
ဒီနည်းပညာလည်း တော်တော်ကို လေးစား အံ့သြရမယ့် နည်းပညာ ဖြစ်ပါတယ်။ လက်ချောင်း လေးများပေါ်မှာ
ယင်း ပစ္စည်းလေး စွတ်ထားရုံနဲ့
- သတင်းစာပေါ်မှာ ရုပ်လုံးရုပ်ကြွနဲ့ စာများ ဗီဒီယိုများ မြင်တွေ့ရပါမယ်။
- လက်ချောင်းလေးချောင်းကို လေးထောင့်ပုံစံ လုပ်ပြီး ဓာတ်ပုံရိုက်နိုင်ပါတယ်။
- စာရွက်ပေါ်မှာ ဂိမ်းဆော့နိုင်ပါမယ်။ ရုပ်ရှင်ကြည့်နိုင်ပါမယ်။ ကွန်ပြူတာ အသုံးပြုနိုင်ပါမယ်။
- စာကြည့်တိုက်ဝင်တဲ့အခါ ဘယ်စာအုပ်ပဲဖတ်ဖတ် သူ့ရဲ့ အသေးစိတ် အချက်အလက်များကို စာရွက်ပေါ်မှာ အလိုအလျောက် ပေါ်စေပါမယ်။
အစရှိသဖြင့် သုံးလို့ကို မကုန်နိုင်တဲ့ Function ပေါင်းများစွာကို ရရှိမှာ ဖြစ်ပါတယ်။ အလွယ်ကူဆုံး ဥပမာ ကတော့ ဒီလို ဖြစ်ပါတယ်။
ပထမဆုံး တီထွင် လိုက်တဲ့ နည်းပညာက စာရွက်ကို ကွန်ပြူတာနဲ့ ဆက်ထားပြီး စာရွက်ပေါ်မှာ ဘာပဲ ရေးရေး ကွန်ပျြူတာ မျက်နှာပြင်က Note pad မှာ ရေးသလိုပဲ စာလုံးတွေပေါ် ပါမယ်။ ရုံး အဝင် အထွက် လက်မှတ်ထိုးတာတို့၊ လက်ဗွေနှိပ်တာတို့ကို လုပ်သလိုကစတာ ဖြစ်ပါတယ်။
နောက်တော့ ဘာကြိုးမှ ဆက်စရာမလိုပဲ Wireless နည်းပညာနဲ့ Xbox တို့လို ဂိမ်းအတိုင်း ခန္ဓာကိုယ်ရဲ့  လှုပ်ရှားမှုကို အသုံးပြုမှာ ဖြစ်ပါတယ်။ Xbox က လှုပ်ရှားမှုကို အသုံးပြုရုံ ပါပဲ။ နောက်ထပ် တစ်ဆင့် တပ်လိုက်တာ ကတော့ လှုပ်ရှားမှုအပြင် လက်ညိုးက တစ်ချက် ကွေးဆန့် လုပ်လိုက်ရင် ကွန်ပြူတာ မျက်နှာ ပြင်မှာ ကလစ်တစ်ချက် ထောင်သလိုပဲ ဖြစ်ပါတယ်။ ဒါတွေက လိုသလို Option ပေးလို့ ရပါတယ်။ နောက်ထပ် တစ်ဆင့် ကတော့ ကွန်ပြူတာတောင် မလိုတော့ပဲ ပရိုဂျက်တာ သေးသေးလေး တစ်လုံး ရှိရင်ရပြီ ဖြစ်ပါတယ်။
လက်ချောင်းများရဲ့  လုပ်ရှားမှု sense ကို အသုံးပြုပါမယ်။ အသံရဲ့ တုန်ခါမှု၊ Sound wave လည်း ပါဝင်ပါမယ်။ ဒီတော့ ကိုယ့်ရဲ့ လှုပ်ရှားမှု တိုင်းကို Track လုပ်လို့ အလို အလျောက် လုပ်ဆောင် မှာ ဖြစ်ပါတယ်။ ဥပမာ အိပ်ကပ် ထဲက ဒီဂျစ်တယ် ကင်မရာကို ထုတ်ဖို့ ပျင်းတယ် ဆိုရင် လက်ချောင်းလေးကို ကင်မရာ ပုံစံလုပ် ရိုက်ရုံနဲ့ ကင်မရာ ထဲမှာ အလိုအလျောက်ဝင် သွားမှာ ဖြစ် ပါတယ်။
ဒီထက် မကတဲ့ အဆင့်ပေါင်း မြောက်များစွာ ရှိနေပါ သေးတယ်။ ဒါကို  SixthSense လို့ခေါ်ပြီး ဖန်တီးသူ ကတော့ အမေရိကန်က MIT Meida Lab မှ အိန္ဒိယ လူမျိုး Phd ကျောင်းသား Pranav Mistr ဆိုသူ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေ ရတဲ့ ပုဂ္ဂိုလ်ကလည်း သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
Pranav ရဲ့  ရှင်းလင်းပြသမှုကို အောင်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://youtu.be/YrtANPtnhyg
Aung Kham (TSJ team)
From : Techspace


0 comments:

Post a Comment

Popular Posts

Blog Archive

.comment-content a {display: none;}