Home » » ကျပ်တစ်သိန်းဝန်းကျင် ဖုန်းကတ်များ အကန့်အသတ်မရှိ ရောင်းမည်ဟုဆို

ကျပ်တစ်သိန်းဝန်းကျင် ဖုန်းကတ်များ အကန့်အသတ်မရှိ ရောင်းမည်ဟုဆို

Posted by Android Flash Firmware on Wednesday, January 9, 2013

ကျပ်တစ်သိန်းဝန်းကျင် မိုဘိုင်း ဖုန်းကတ်များအား အလုံးရေ အကန့်အသတ်မရှိ ရောင်းချ သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ “နှစ်သိန်းတန် ဖုန်းတွေလို အလုံးရေ ကန့်သတ်မှာ မဟုတ်ဘူး။ လူတစ်ယောက်ကို တစ်လုံးမဟုတ်ဘူး။ ဆယ်လုံးလောက် လိုချင်ရင်လည်း ရောင်းပေး မှာပါ” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ ယင်း ကျပ်တစ်သိန်း ဝန်းကျင် မိုဘိုင်းဖုန်းများကို ယခုလ ၇ ရက်နှင့် ၈ ရက်တို့တွင် ထွက်ရှိရန် စီစဉ်ထားသော်လည်း အခြေအနေအရ လကုန်ပိုင်းကျမှသာ ထွက်ရှိမည်ဖြစ်သည်။ “အကန့်အသတ်မရှိ ရောင်းချပေးမယ် ဆိုတော့ အဆင်ပြေတာပေါ့။ နှစ်သိန်း ဖုန်းတုန်းက ကန့်သတ်ချက် ရှိတော့ နောက်ပိုင်း နှစ်သိန်းထက် ပိုပေးရတဲ့ အဖြစ်မျိုး ဖြစ်လာတာပေါ့” ဟု ရန်ကုန်မိုဘိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဖုန်းများ ရောင်းချရာတွင် မြန်မာ့ ဆက်သွယ်ရေး ရုံးများအပြင် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မည့် ပုဂ္ဂလိက ကုမ္ပဏီများကိုပါ ရောင်းချ ခွင့်ပေးမည် ဖြစ်သည်။ အရောင်းဌာန အများအပြား ဖွင့်လှစ်ရောင်း ချပေးမည် ဖြစ်သောကြောင့် ဝယ်၍မရသည့် အခက်အခဲများကို ဖြေရှင်းနိုင်မည်ဟု မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။ လက်ရှိတွင် အဆိုပါဖုန်းများကို ဇန်နဝါရီလကုန်ပိုင်းအမီ ရောင်းချနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် တန်ဖိုးနည်း လိုင်းဖုန်းများ ဈေးလျှော့ရောင်းခြင်းမှာ တတိယအကြိမ် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။


0 comments:

Post a Comment

Popular Posts

Blog Archive

.comment-content a {display: none;}